Audio & Video
ရန်ကုန်အဝေးသင်တက္ကသိုလ်
ထုတ်လုပ်ရေးဌာန
ရုပ်/သံ ဌာနခွဲ
၁။ ရေဒီယိုသင်ခန်းစာပို့ချချက်များ အသံသွင်းခြင်း၊ တည်းဖြတ်ခြင်း
ရန်ကုန်အဝေးသင်တက္ကသိုလ်၏ Audio (A နှင့် B) တို့တွင် သင်ကြားရေးဌာန (၁၅)ခုတို့မှ ဆရာ/ ဆရာမများ၏ သင်ခန်းစာပို့ချချက်များကို အသံသွင်းတည်းဖြတ်ပြီး သက်ဆိုင်ရာ ပါမောက္ခ/ ဌာနမှူးများမှ စိစစ်ရွေးချယ်ပေးသော ကျောင်းသားပေး ရေဒီယိုသင်ခန်းစာ ပို့ချချက်များကို မြန်မာ့ရုပ်မြင်သံကြား (မြန်မာပိုင်း)အစီအစဉ်၏ မြန်မာ့အသံ တိုင်းရင်းသား အစီအစဉ်မှ နေ့စဉ် လှိုင်းလတ် 411.52 မီတာ၊ 729 KHZ မှ ည(၇:ဝဝ)နာရီတွင် မိနစ်(၂၀)စာ သင်ခန်းစာ (၃)ပုဒ် ထုတ်လွှင့်ပေးပါသည်။
၂။ ရုပ်မြင်သံကြား သင်ခန်းစာပို့ချ
ထုတ်လွှင့်ခြင်း
ရန်ကုန်အဝေးသင်တက္ကသိုလ်၏ Studio(B နှင့် D) တို့တွင် သင်ကြားရေးဌာန (၁၅)ခုတို့မှ ဆရာ/ ဆရာမ များ၏ သင်ခန်းစာပို့ချချက်များကို ရိုက်ကူးရေးဆောင်ရွက်ခြင်း၊ (power point file) များပြုပြင် ဆောင်ရွက်ခြင်း၊ ရိုက်ကူးပြီးသော သင်ခန်းစာများကို တည်းဖြတ်ခြင်း၊ preview ပြသခြင်း၊ သက်ဆိုင်ရာ ပါမောက္ခ/ ဌာနမှူးများမှ စိစစ်ရွေးချယ်ပေးသော ကျောင်းသားပေး သင်ခန်းစာ ပို့ချချက်များကို ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာ ဦးစီးဌာန၏ မြန်မာ့ပညာရေးရုပ်သံ (Myanmar Educational Channel)မှ အပတ်စဉ် တနင်္လာနေ့ ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့များတွင် ညနေ(၄:ဝဝ)နာရီမှ (၄:၂၀)ထိ ထုတ်လွှင့်ပေးပါသည်။
ရုပ်/သံ ဌာနခွဲ၏ သင်တန်းနှစ်အလိုက် သင်ထောက်ကူပစ္စည်း DVD နမူနာများ
ထုတ်လုပ်ရေးဌာန ရုပ်/သံဌာနခွဲ၏ အရာထမ်းနှင့် အမှုထမ်း များစာရင်း
စဉ် | ရာထူး | ဦးရေ |
၁။ | ဌာနခွဲမှူး | ၁ |
၂။ | ရုံးအုပ် | ၂ |
၃။ | ရုပ်/ သံ ကျွမ်းကျင် - ၁ | ၁ |
၄။ | ဌာနခွဲစာရေး | ၃ |
၅။ | အကြီးတန်းစာရေး | ၂ |
၆။ | ဒု/လက်ထောက် ကွန်ပျူတာလုပ်ဆောင်ရေးမှူး | ၁ |
၇။ | အမှုတွဲထိန်း | ၁ |
၈။ | နေ့စား | ၁ |
စုစုပေါင်း | ၁၂ |
ရုပ်/သံ ဌာနခွဲ Audio/ Studio နှင့် Website အခန်းများ
ထုတ်လုပ်ရေးဌာန(ရုပ်/သံ ဌာနခွဲ)မှ ဝန်ထမ်းများ၏ လုပ်ငန်းတာဝန်များ
- Studio (B) ၏ အသံသွင်း/ တည်းဖြတ် လုပ်ငန်းများကို ဆောင်ရွက်ပါသည်။
- Studio (A)၏ အသံသွင်း/ တည်းဖြတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပါသည်။ အသံသွင်း အချိန်ဇယား ရေးဆွဲရပြီး ရုပ်/သံ ဌာနနှင့် ပတ်သတ်သော ရုံးလုပ်ငန်းများကိုလည်း ဆောင်ရွက်ရပါသည်။
- Studio (B) တွင် သိပ္ပံဘာသာရပ် (၄)ခုနှင့် ဝိဇ္ဇာဘာသာရပ် (၄)ခု၏ ရိုက်ကူးရေး လုပ်ငန်းများကို ဆောင်ရွက်ပါသည်။ ပြင်ပ ရိုက်ကူးရေးနှင့် ဓါတ်ပုံမှတ်တမ်း ရိုက်ကူးရေးလုပ်ငန်းများကို ဆောင်ရွက်ရပါသည်။
- Studio (B) တွင် သိပ္ပံဘာသာရပ်(၁)ခုနှင့် ဝိဇ္ဇာ ဘာသာရပ် (၆)ခု၏ ရိုက်ကူး/ တည်းဖြတ် လုပ်ငန်းများကို ဆောင်ရွက်ပါသည်။
- Studio (D) တွင် သိပ္ပံဘာသာရပ် (၄)ခုနှင့် ဝိဇ္ဇာဘာသာရပ် (၄)ခု၏ ရိုက်ကူးရေး လုပ်ငန်းများကို ဆောင်ရွက်ပါသည်။ ပြင်ပ ရိုက်ကူးရေးနှင့် ဓါတ်ပုံမှတ်တမ်း ရိုက်ကူးရေးလုပ်ငန်းများကို ဆောင်ရွက်ရပါသည်။
- Studio (D) တွင် သိပ္ပံဘာသာရပ် (၄)ခု နှင့် ဝိဇ္ဇာ ဘာသာရပ် (၄)ခု၏ ရိုက်ကူး/ တည်းဖြတ် လုပ်ငန်းများကို ဆောင်ရွက်ပါသည်။
- Studio (B) တွင် Power Point File များ ပြုပြင်ဆောင်ရွက်ခြင်းနှင့် ရိုက်ကူးရေးလုပ်ငန်းများတွင်လည်း ကူညီရပြီး တည်းဖြတ်ခြင်း လုပ်ငန်းကိုလည်း ဆောင်ရွက်ရပါသည်။
- ရုပ်/ သံဌာန၏ Website တာဝန်ခံဖြစ်ပြီး ရိုက်ကူးပြီး သင်ခန်းစာများကို နေ့စဉ် Websiteတွင် အချိန်ဇယားဖြင့် ထုတ်လွှင့်နိုင်ရန်ဆောင်ရွက်ရပါသည်။
ရုပ်/သံဌာန၏ စာဝင်/ စာထွက်/ စာဖြန့်ဝေခြင်း၊ စာတင်/ စာချ လုပ်ငန်းများကို ဆောင်ရွက်ရပါသည်။