ရန်ကုန်အဝေးသင်တက္ကသိုလ်
မြန်မာစာဌာန
ရည်မှန်းချက်
မြန်မာစာသည် မြန်မာနိုင်ငံ၏ ရုံးသုံးဘာသာစကားဖြစ်သည်နှင့်အညီ မြန်မာစာကို တန်ဖိုးထားတတ်စေရန်။
မြန်မာဘာသာစကားနှင့် စာပေဆိုင်ရာ အရည်အချင်းပြည့်ဝသောပုဂ္ဂိုလ်များ မွေးထုတ် ပေးနိုင်ရန်။
အဆိုပါ လေ့ကျင့်သင်ကြားပေးထားသော ပုဂ္ဂိုလ်များသည် ပညာရေးကဏ္ဍနှင့် နိုင်ငံ့လူမှုရေး ကဏ္ဍများတွင် တာဝန်ထမ်းဆောင်နိုင်ရန်ဖြစ်သည်။
လေ့လာမှုအစီအစဉ်
မြန်မာစာဌာနသည် မြန်မာစာအထူးပြုဝိဇ္ဇာဘွဲ့အတွက် ဘွဲ့ကြိုဘာသာရပ်ကို သင်ကြား ပို့ချ ပေးပါသည်။
ပညာရေးအရည်အသွေးကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် သင်ရိုးညွှန်းတမ်းနှင့် မြန်မာစာ သင်ရိုးညွှန်းတမ်းများသည် အခြားတက္ကသိုလ်များ၏အဆင့်နှင့် တူညီပါသည်။
ပေးအပ်သောဘွဲ့များ
သင်တန်း(၄)နှစ် အောင်မြင်ပြီးမြောက်ပါက မြန်မာစာအထူးပြု (B.A) ဘွဲ့ကို ပေးအပ်သွားမည် ဖြစ်ပါသည်။
ရန်ကုန်အဝေးသင်တက္ကသိုလ် မြန်မာစာဌာန
(၂၀၂၅) ပညာသင်နှစ် တာဝန်ထမ်းဆောင်လျက်ရှိကြသည့်
သင်ကြားရေးဆရာမများ
စဉ် | အမည် | ရာထူး |
၁။ | ဒေါက်တာအေးမိအောင် | ပါမောက္ခ (ဌာနမှူး) |
၂။ | ဒေါက်တာခင်မော်မော်ဦး | ပါမောက္ခ (ဌာနမှူး) (ယာယီ) |
၃။ | ဒေါက်တာခင်သန္တာကျော် | ပါမောက္ခ |
၄။ | ဒေါက်တာစောဣန္ဒာသက်မောင် | တွဲဖက်ပါမောက္ခ |
၅။ | ဒေါ်မြမြသန်း | တွဲဖက်ပါမောက္ခ |
၆။ | ဒေါ်လှလှတင် | တွဲဖက်ပါမောက္ခ |
၇။ | ဒေါ်မာမာစိုး | တွဲဖက်ပါမောက္ခ |
၈။ | ဒေါ်စီစီဝင်း | ကထိက |
၉။ | ဒေါ်သော်သော်ဝင်း | လက်ထောက်ကထိက |
၁၀။ | ဒေါ်နှင်းနန္ဒာထက် | နည်းပြ |
၁၁။ | ဒေါ်ချယ်ရီစိုး | နည်းပြ |
၁၂။ | ဒေါ်ဝေဝေနှင်း | နည်းပြ |
ရန်ကုန်အဝေးသင်တက္ကသိုလ် မြန်မာစာဌာန
(၂၀၂၅) ပညာသင်နှစ် ပညာသင်ကြားလျက်ရှိကြသည့်
ကျောင်းသားစာရင်း
စဉ် | အတန်း | ကျောင်းသားဦးရေ |
၁။ | ပထမနှစ် | (၄၃) ဦး |
၂။ | ဒုတိယနှစ် | (၃၀) ဦး |
၃။ | တတိယနှစ် | (၃၃) ဦး |
၄။ | စတုတ္ထနှစ် (၂၀၁၉ ပညာသင်နှစ်) (၂၀၂၀ ပညာသင်နှစ်) | (၃) ဦး (၉) ဦး |
ရန်ကုန်အဝေးသင်တက္ကသိုလ်
မြန်မာစာဌာန
ရုံးလုပ်ငန်းသုံးမြန်မာစာသင်တန်း
ရန်ကုန်အဝေးသင်တက္ကသိုလ်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် မြန်မာစာဌာနမှ ဦးစီး၍ “ရုံးလုပ်ငန်းသုံးမြန်မာစာသင်တန်း” Online Certificate Course အပတ်စဉ်(၁)ကို (၂၂.၇.၂၀၂၄)မှ (၁၄.၁၀.၂၀၂၄) တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအပတ်စဉ်(၂)ကို (၈.၉.၂၀၂၅) မှ (၇.၁၂.၂၀၂၅) အထိ ဖွင့်လှစ်မည် ဖြစ်ပါသည်။
ရည်ရွယ်ချက်
Online Certificate Course ဖြစ်သော ရုံးလုပ်ငန်းသုံးမြန်မာစာ (၃)လ သင်တန်းကို အောက်ပါ ရည်ရွယ်ချက်များ ထားရှိ၍ ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။
ယင်းတို့မှာ –
(က) ရုံးလုပ်ငန်းသုံးမြန်မာစာကို စနစ်တကျလေ့လာနိုင်သည့် အခွင့်အလမ်းပွင့်သော ပညာရေး
စနစ်တစ်ခုကို ဖန်တီးရန်။
(ခ) မြန်မာစာအရေးအသား ပိုမိုတိုးတက်ကောင်းမွန်လာစေရန်။
(ဂ) မြန်မာစာရေးသားရာတွင် မှန်ကန်မှု၊ ရှင်းလင်းမှု၊ တိကျမှု၊ ပြေပြစ်မှု၊ လိုက်ဖက်မှု များနှင့် ပြည်စုံအောင် ရေးသားတတ်စေရန်။
(ဃ) ရုံးလုပ်ငန်းသုံးမြန်မာစာကို စည်းလုံးညီညွတ်မှု၊ ပြေပြစ်မှု၊ အနေအထားမှန်ကန်မှုရှိအောင် ရေးသားတတ်စေရန်။
(င) ရုံးလုပ်ငန်းသုံးမြန်မာစာ ပုံစံအမျိုးမျိုးကို သိရှိနားလည်စေရန်နှင့် မိမိကိုယ်တိုင် ပိုင်ပိုင်နိုင်နိုင် ရေးသားတတ်စေရန်။
(စ) မိမိဒေသမှ မခွဲမခွာရဘဲ(လုပ်ငန်းမပျက်) အဆင့်မြင့်ပညာရပ်များကို လေ့လာတတ်မြောက် စေရန်။
(ဆ) လုပ်ငန်းခွင်ဝင်ရောက်လိုသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပွင့်လန်းလာစေရန်တို့ ဖြစ်ပါသည်။
အကျိုးကျေးဇူး
ဤသင်တန်းသည် –
(၁) ပညာရေးဝန်ကြီးဌာနက ခေတ်မီနည်းစနစ်တစ်ခုဖြစ်သော Web-Based Digital System ကို အသုံးပြု၍ သင်ကြားပို့ချပေးသည့် စနစ်ဖြစ်သဖြင့် မိမိဒေသ၊ မိမိအလုပ်ခွင်မှ မခွဲမခွာရဘဲ အဆင့်မြင့် ပညာရပ်များကို လေ့လာသင်ယူနိုင်ပြီး သင်တန်းပြီးမြောက်ပါက ရုံးလုပ်ငန်းသုံးမြန်မာစာ သဘောတရားများကို ပိုင်နိုင်ကျွမ်းကျင်တတ်မြောက်စေနိုင်ခြင်း။
(၂) ရုံးလုပ်ငန်းသုံးမြန်မာစာ ပုံစံအမျိုးမျိုးကို သိရှိနားလည်ပြီး မိမိလုပ်ငန်း၏ သဘောသဘာဝနှင့်အညီ အမျိုးမျိုးရှိသော ရုံးစာများကို လိုက်လျောညီထွေစွာ ရေးသားတတ်စေရန် လေ့ကျင့်သင်ကြား ပေးမည်ဖြစ်သဖြင့် သင်တန်းပြီးမြောက်ခြင်း လက်မှတ်ရရှိသူများတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ရေးအတွက် အားသာချက်ရှိခြင်း။
(၃) ထို့အပြင် ကွန်ပျူတာအသုံးပြု၍ ကိုယ်တိုင်လေ့လာသင်ကြားရမည်ဖြစ်သဖြင့် IT နည်းပညာရပ်ကို ပိုမိုတတ်ကျွမ်းနိုင်သော အခွင့်အလမ်းရရှိခြင်း။
(၄) ဘာသာရပ်နားလည်မှု ပိုမိုရရှိစေခြင်းအပြင် အရည်အချင်းပိုင်းဆိုင်ရာအတွက် အရည်အသွေး မြင့်မားသော ကျွမ်းကျင်လုပ်သား အင်အားစုများကို မွေးထုတ်ပေးနိုင်ခြင်း။
(၅) ဆရာနှင့် ကျောင်းသား၊ ကျောင်းသူများသည် Online ကိုအသုံးပြု၍ e-mail, Zoom, Viber စသည်တို့မှ တစ်ဆင့်သော်လည်းကောင်း၊ Telephoneဖြင့် တိုက်ရိုက်မေးမြန်းဆွေးနွေးခြင်းဖြင့် သော်လည်းကောင်း၊ Chat Box အသုံးပြု၍သော်လည်းကောင်း ဤသင်တန်းနှင့် ပတ်သက်၍ စဉ်ဆက်မပြတ်ထိတွေ့ သင်ကြားစေခြင်းစသော အကျိုးကျေးဇူးများ ရရှိစေနိုင်ပါမည်။