၁။ ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင်တက္ကသိုလ်များ၏ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းအောင် ပထမနှစ်ဝင်ခွင့်ရရှိသော ကျောင်းသား၊ကျောင်းသူများအတွက် အောက်ပါလုပ်ငန်းများလုပ်ဆောင်ရန် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါ ဈေးနှုန်းလွှာ တင်သွင်းကြရန် ဖိတ်ခေါ်ပါသည်။
(က) သင်ခန်းစာပို့ချချက် ဒီဗွီဒီချပ်များ ကူးယူ၊ ထုတ်ပိုးအပ်နှံခြင်းလုပ်ငန်း
၂။ ဈေးနှုန်းတင်သွင်းရန်အတွက် လျှောက်လွှာပုံစံနှင့် တင်ဒါစည်းကမ်းချက်များကို (၂၃-၅-၂၀၂၂) (တနင်္လာနေ့) မှစ၍ တစ်စုံလျှင် ကျပ် ၁၀၀၀၀/- (ကျပ်တစ်သောင်းတိတိ) နှုန်းဖြင့် အောက်ပါလိပ်စာ၌ ရုံးဖွင့်ရက်များတွင် ရုံးချိန်အတွင်း ဝယ်ယူတင်သွင်းနိုင်ပါသည်။
ဘဏ္ဍာ (၂)ရုံးခန်း၊ ရန်ကုန်အဝေးသင်တက္ကသိုလ်
အမှတ် ၄၇(က)၊ အင်းလျားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
၃။ ဈေးနှုန်းလွှာကို (၇-၆-၂၀၂၂) ( အင်္ဂါနေ့ ) ညနေ ၄း၀၀ နာရီထက် နောက်မကျစေဘဲ ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် ရုံးခန်းရှိ တင်ဒါပုံးတွင် မှတ်ပုံတင်စာရင်းသွင်းပြီး တင်သွင်းရမည်။
၄။ ဈေးနှုန်းလွှာနှင့်အတူ တင်သွင်းမည့် နမူနာမား (ဒီဗွီဒီ)ကို လုံခြုံစွာထုပ်ပိုး၍ ပြည့်စုံစွာတင်ပြရမည်။
၅။ ထုတ်ဝေမည့် နမူနာများကို အောက်ဖော်ပြပါ နေရာများတွင် ကြည့်ရှုနိုင်သည်။
(က) ရန်ကုန်အဝေးသင်တက္ကသိုလ်
( ခ ) မန္တလေးအဝေးသင်တက္ကသိုလ်
၆။ အသေးစိတ်သိရှိလိုသောအချက်များကို အထက်ဖော်ပြပါ လိပ်စာတွင်လည်းကောင်း၊ ဖုန်းနံပါတ် - ၀၁-၇၅၃၆၅၅၅၊ ၀၁-၇၅၃၅၀၇၃၊ ၀၁-၇၅၂၅၁၃၇၊ ၀၂-၄၀၆၀၁၄၂၊ ၀၂-၄၀၆၀၅၄၄၊ ၀-၄၀၆၂၄၁၀ တို့တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။
အဝေးသင်တက္ကသိုလ်များ၏စာအုပ်များနှင့်သင်ခန်းစာ
ပို့ချချက် ဒီဗွီဒီချပ်များ ထုတ်လုပ်ရေးလုပ်ငန်းကော်မတီ